Embassy of India, Yangon, Myanmar
What's New What's New

Celebration of 74th Independence Day of India (12 August, 2020)

(၇၄) ကြိမ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား
အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မြို့သည် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားအား မြန်မာနိုင်ငံရှိ အိန္ဒိယလူမှုအဖွဲ့အစည်းများနှင့် အိန္ဒိယနိုင်ငံ၏မိတ်ဆွေများမှ သောင်းသောင်းဖြဖြ ပဝင တက်ရောက်မှု နှင့်အတူ နှစ်စဉ်နှစ်တိုင်း ကျင်းပလျှက်ရှိပါသည်။ ယခုအချိန်တွင် COVID-19 ကူးစက်ရောဂါဖြစ်ပွား လျှက်ရှိခြင်းနှင့် မြန်မာနိုင်ငံ အစိုးရ၏ညွှန်ကြားချက်များအရ ဤသံရုံးအနေဖြင့် ယခုနှစ်တွင်ကျရောက် သော (၇၄)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား လူမှုမီဒီယာများတွင် တိုက်ရိုက်လွှင့် တင်ခြင်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

စိတ်ပါဝင်စားသော ပရိသတ်များအနေဖြင့် အလံလွှင့်ထူခြင်းနှင့် အိန္ဒိယနိုင်ငံသမ္မတကြီးမှ တိုင်းပြည်သို့ပြောကြားသော မိန့်ခွန်းအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးမှဖတ်ကြား ခြင်းတို့ကို ဤသံရုံး၏ဖေ့စ်ဘုတ်စာမျက်နှာဖြစ်သည့် @IndiaInMyanmar နှင့် မဇ္ဈိမသတင်း - မြန်မာဘာသာ စာမျက်နှာ @MizzimaDaily တို့တွင် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်သည့် ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၅ ရက် (စနေနေ့) နံနက် (၇:၃၀)မှစတင် ၍ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ယခုနှစ်၏ အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့တွင် သံရုံးအဆောက်အဦး၌ အများပြည်သူဆိုင်ရာ အခမ်းအနား ကျင်းပမည်မဟုတ်ပါ။

ရန်ကုန်မြို့။
၂၀၂၀ ခုနစ်၊ ဩဂုတ်လ (၁၂) ရက်။