Embassy of India, Yangon, Myanmar
Press Release Press Release

PRESS RELEASE:VISIT OF INDIAN COAST GUARD SHIPS (29 October, 2018)

EMBASSY OF INDIA

YANGON

PRESS RELEASE

VISIT OF INDIAN COAST GUARD SHIPS SUJAY AND ANMOL TO YANGON

(30 October-03 November, 2018) 

To further strengthen Bilateral Cooperation between India and Myanmar, Indian Coast Guard ships Sujay and Anmol will visit Yangon, Myanmar from 30 October-03 November, 2018 for a goodwill visit.

ICGS Sujay is an Offshore Patrol Vessel (OPV) and was commissioned into Indian Coast Guard on 21 December, 2017. The ship has a displacement of over 2400 tonnes, length of 105 meters and is capable of doing speed in excess of 26 knots. The OPV is tasked for search and rescue, maritime law enforcement & patrol, and also carries pollution response equipment to contain oil spill at sea. Designed to embark a twin engine helicopter and five high speed boats, the OPV was built indigenously by M/s Goa Shipyard Limited, and is visiting Yangon in her very first year of service.

The Commanding Officer of ICGS Sujay is DIG Yoginder Dhaka, who heads a crew of over 100 personnel, including officers and sailors.

ICGS Anmol is a Fast Patrol Vessel commissioned on 15 October, 2015 and constructed by M/s Cochin Shipyard Limited. The ship is commanded by Commandant Satyjeet N Samle, who heads a crew of over 40 personnel.

Major activities during stay at Yangon include courtesy calls, professional interaction with personnel from the Myanmar Navy and Department of Marine Administration, visit to places of interest and friendly sports.

Yangon

October 29, 2018

*****

 

အိနိယသံရုံး၊ ရန်ကုန်မြို့


သတင်းထုတ်ပြန်ချက်

အိနိယနိုင်ငံ ကမ်းရိုးတန်းစောင့်သင်္ဘောများဖြစ်သော SUJAY နှင့် ANMOL
ရန်ကုန်မြို့သို့ အလည်အပတ်လာရောက်ခြင်း

(၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၃ ရက်ထိ)

အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြားရှိ နှစ်နိုင်ငံဆက်ဆံရေးအားပိုမိုအားဖြည့်ခိုင်မာစေရန်အတွက် အိန္ဒိယနိုင်ငံမှ ကမ်းရိုးတန်းစောင့်သင်္ဘောများဖြစ်သော Sujay နှင့် Anmol သည် ၂၀၁၈ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ ရန်ကုန်မြို.သို့ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံကမ်းရိုးတန်းစောင့်သင်္ဘောဖြစ်သော Sujay သည် ကမ်းလွန်ကင်းလှည့်သင်္ဘောဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ရက် နေ့တွင် အိန္ဒိယကမ်းရိုးတန်းစောင့်တပ်သို့တပ်တော်ဝင်ခဲ့သည်။ ဤသင်္ဘောသည် တန်ချိန် ၂၄၀၀တန် ကျော်တင်ဆောင်နိုင်ပြီး အလျား ၁၀၅ မီတာရှည် ပြီးအမြန်နှုန်း ၂၆ knots ထက်ပိုမြန်နိုင်သည်။ဤသင်္ဘောအား ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ ပင်လယ်ရေကြောင်းဥပဒေ အကျိုးသက်ရောက်မှုရှိရေးနှင့်ကင်းလှည့်ရေးတို့ အတွက် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်တွင် ရေနံယိုဖိတ်ခြင်းအားထိမ်းချုပ်ရန် ညစ်ညမ်းမှု တုံ့ပြန်ကိရိယာ တပ်ဆင် ထားသည်။ သဘောင်္ပေါ်တွင် အင်ဂျင်နှစ်လုံးတပ်ဟယ်လီကော်ပတာ တစ်စီးနှင့်မြန်နှုန်းမြင့် စပိဘုတ် ၅ စီးတင်ဆောင် နိုင်ရန် တည်ဆောက်ထားပြီး ဤသင်္ဘောသည် ပြည်တွင်းမှာပင် ပုံစံဒီဇိုင်း ရေးဆွဲပြီး M/s Goa Shipyard Limited မှတည်ဆောက်ထားခြင်းဖြစ်သည်။ ယခုရန်ကုန်သို့လာရောက်သည့်ခရီးစဉ်သည်တာဝန်ထမ်းဆောင်မှု တစ်နှစ်အတွင်း ပထမဆုံး ခရီး ဖြစ်သည်။ ဤသင်္ဘော၏ Commanding Officer မှာ DIG Yoginder Dhaka ဖြစ်ပြီး အရာရှိများ နှင့်သင်္ဘောသားများ အပါအ၀င် သင်္ဘောအမှုထမ်း ၁၀၀ကျော်အား ဦးဆောင်လာမည် ဖြစ်ပါသည်။

ICGS Anmol သည် လျှင်မြန်သောကင်းလှည့်သင်္ဘော ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် အိန္ဒိယကမ်းရိုးတန်းစောင့်တပ်သို့တပ်တော်ဝင်ခဲ့ပြီး M/s Cochin Shioyard Limited မှတည်ဆောက်ထား သည်။ ဤသင်္ဘောအားဦးဆောင်လာသူမှာ Commandant Satyjeet N Samle ဖြစ်ပြီး သင်္ဘောအမှုထမ်း ၄၀ ကျော် အား ဦးဆောင်လာမည် ဖြစ်ပါသည်။

ရန်ကုန်မြို.တွင်ရောက်ရှိစဉ်ဆောင်ရွက်မည့်အဓိကအစီအစဉ်များတွင်ဂါရဝပြုတွေ့ဆုံခြင်းများမြန်မာ့တပ်မတော် (ရေ) မှအရာရှိများ၊ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှအရာရှိများ နှင့်အပြန်အလှန်ဆက်သွယ်ဆောင် ရွက်ခြင်းများ၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများနှင့်စိတ်ဝင်စားဖွယ်နေရာများသို့လည်ပတ်ခြင်းများပါဝင်သည်။

ရန်ကုန်မြို့
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၁၈။