What's New

Press Release -Visit of Foreign Secretary of India to Myanmar (22 October 2018)

Embassy of India

Yangon

Press Release

Visit of Foreign Secretary of India to Myanmar (22 October 2018)

The Foreign Secretary of India, Shri Vijay Gokhale, paid an official visit to Myanmar on 22 October 2018.

During the visit, he called on the State Counsellor, H.E. Daw Aung San Suu Kyi. All matters relating to bilateral cooperation as well as matters pertaining to international and regional matters of common interest, including developments in Rakhine State were discussed during this meeting. Foreign Secretary also called on H.E. U Thant Sin Maung, Union Minister, Ministry of Transport and Communications and discussed matters related to connectivity and transport infrastructure being developed by India in Myanmar.

Following the meeting, Foreign Secretary and H.E U Win Khant, Permanent Secretary, Ministry of Transport and Communications signed the MoU for the appointment of a private Port Operator for the Operation and Maintenance of Sittwe Port, Paletwa Inland Water Terminal and associated facilities that are part of the Kaladan Multi Model Transit Transport Project. This is a significant step in the implementation of India’s Act East Policy as its signing will enhance Myanmar’s connectivity including with India and add to the development of the whole region, particularly in the Rakhine and Chin States of Myanmar. It would also add to local infrastructure capacity and help in creating more job opportunities for the local people.

Foreign Secretary earlier also called on the Commander in Chief of the Myanmar Defence Services, Senior General Min Aung Hlaing. All matters relating to border security, bilateral cooperation, Myanmar’s peace process as well as the situation in Northern Rakhine State were discussed during the meeting.

Foreign Secretary conveyed the message in all his engagements that India valued its relationship with a close neighbour like Myanmar and would continue to deepen its cooperation with it in the areas of connectivity, security, people to people relation and economic and commercial cooperation.

New Delhi

October 22, 2018

အိနိယသံရုံး၊ ရန်ကုန်မြို့
သတင်းထုတ်ပြန်ချက်

အိနိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန်၏ မြန်မာနိုင်ငံခရီးစဉ် (၂၂ အောက်တိုဘာလ ၂၀၁၈ခုနှစ်)

အိနိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri Vijay Gokhale သည် တရားဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ အောက်တိုဘာလ (၂၂)ရက်တွင်လာရောက်ခဲ့ပါသည်။

ခရီးစဉ်အတွင်း အိနိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ
ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ အိနိယနိုင်ငံ၊ နိုင်ငံခြားရေး အတွင်းဝန်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အားလည်း သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် အိနိယနိုင်ငံမှဆောင်ရွက်ပေးနေသော လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအ ဆောက်အဦးများနှင့်ပတ်သက်ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံကြပြီးနောက် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်တို့က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်း၊ပလက်ဝ ပြည်တွင်းရေကြောင်းဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများအား စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် Private Port Operator ရွေးချယ်ခန့်ထားရေး ဆိုင်ရာနားလည် မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြပါသည်။

သို့လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အိနိယ နိုင်ငံအပါအ၀င် လမ်းပန်းဆက်သွယ်ရေးတိုးမြှင့်လာနိုင်ပြီး အထူးသဖြင့်မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အပါအ၀င် ဒေသတွင်းတခုလုံး၏ ဖွံ့ဖြိုးမှုများတိုးတက် လာနိုင်သောကြောင့်အိနိယ နိုင်ငံ၏ Act East Policy အားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အရေးပါသော ခြေလှမ်းတရပ်ဖြစ်ပေသည်။ထို့အပြင်ဒေသခံတို့၏ အခြေခံအဆောက်အဦးတို့တိုးပွားလာပြီးဒေသခံပြည်သူများ အတွက်အလုပ်အကိုင်အခွင့်အလမ်းများလည်းပိုမိုရရှိစေနိုင်သည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်သည်အစောပိုင်းတွင်မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားလည်းသွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် နယ်စပ်လုံခြုံ ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ရခိုင်ပြည်နယ်မြောက်ပိုင်း၏ အခြေအနေများအားဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်သည် တွေ့ဆုံဆွေးနွေးခဲ့သမျှသူများ အားလုံးအားအိနိယနိုင်ငံသည မြန်မာနိုင်ငံကဲ့သို့သော နီးကပ်စွာရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံတခုနှင့် ဆက်ဆံ ရေးအား တန်ဖိုးထားပါကြောင်း ၊မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေသည့်လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး၊နိုင်ငံသားအချင်းချင်းဆက်ဆံရေး နှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်မှု ပူးပေါင်းဆောင် ရွက်ရေးစသည့်နယ်ပယ်များတွင် ပိုမိုနက်ရှိုင်းစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်း စကားပါးခဲ့ပါသည်။

နယူးဒေလီ
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၈။