Embassy of India, Yangon, Myanmar
What's New What's New

Distribution of Medicines and Medical items to around 130 villages in Bago Region (August 5,2021)

အိန္ဒိယနိုင်ငံသံရုံး
ရန်ကုန်မြို့

***

သတင်းထုတ်ပြန်ချက်

          မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပျံ့နှံ့နေသည့်အခြေအနေကြောင့် ပြည်သူများ လက်ရှိကြုံတွေ့ ခံစားနေရပါသည်။ ထိုကြောင့် အိန္ဒိယနိုင်ငံသံရုံးသည် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း (IWAY)နှင့် ပူးပေါင်းလျက် ထိုအသင်း၏ပရဟိတလုပ်ငန်းများထဲမှ တစ်စိတ် တစ်ပိုင်းအဖြစ် ပြည်သူများ ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားရန်အတွက်  ဆေးဝါးနှင့် ဆေးပစ္စည်း များအား လှူဒါန်းမည်ဖြစ်ပါသည်။ ဤလှူဒါန်းမှုတွင် ချစ်ကြည်ရင်းနှီးမှုသင်္ကေတအဖြစ် Oximeters (၂၆၀) ခု၊ N 95 mask (မျက်နှာနှင့်နှာခေါင်းစည်း) (၂၆၀၀) ခု၊ surgical masks (၁၉၅၀၀) ခု၊ PPEs (၁၃၀၀) ခု၊ ပါရာစီတမော ဆေးပြား (၁၂၇၅၀၀)၊ ဗီတာမင် စီ ဆေးပြား (၆၅၀၀၀)၊ ဇင့် ဆေးပြား (၃၉၀၀၀) နှင့် ဗီတာမင်အားဆေးပြား (၆၅၀၀၀) တို့ပါဝင်သည်။ ဤဆေးဝါးများနှင့် ဆေးပစ္စည်း များအား ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာပေါင်း (၁၃၀) ခန့်အား ဒေသခံအဖွဲ့အစည်းများမှတဆင့် လှူဒါန်းမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်အတူ ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း၏ဥက္ကဌနှင့် မြန်မာနိုင်ငံ ဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး၏ ဇနီးဖြစ်သူ Mrs. Smriti Srivastav နှင့် ဘုတ်အဖွဲ့ဝင်များသည် အဆိုပါ  လှူဒါန်းသည့်ပစ္စည်း များအား ဒေသခံအဖွဲ့များမှတဆင့် လှူဒါန်းပေးနိုင်ရန် အိန္ဒိယဂေဟာတွင် လွှဲပြောင်းပေးအပ် ခဲ့ပါသည်။

2021 ခုနှစ်၊ ဩဂုတ်လ (၅) ရက်။

***